Homeပြည်တွင်းသတင်းသီပေါမြို့ကို တစ်ရက်ထဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးအလုံး(၅၀)ကျော် ကြဲချတိုက်ခိုက်

သီပေါမြို့ကို တစ်ရက်ထဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးအလုံး(၅၀)ကျော် ကြဲချတိုက်ခိုက်

၁၇ စက်တင်ဘာ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ သီပေါမြိုနယ်ကို စစ်ကောင်စီတပ်က Y-12လေယာဥ်နဲ့ စက်တင်ဘာလ ၁၆ ရက် မနေ့ကတစ်ရက်ထဲမှာပဲ ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် (၉း၀၀)မှ (၁၀း၀၀)နာရီအထိ Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သီပေါမြို အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာပြည်သူ့ ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့တဲ့အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ စက်တင်ဘာလ(၁၅)ရက် ည(၉:၁၆)အချိန်ကလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းမှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျဉ် သီပေါမြို့ ဇတ်စုရပ်ကွက် အတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပြည်သူလူထုတွေကို ဦးတည်ကာ လေကြောင်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှု အများအပြားရှိနေတယ်လို့လည်း TNLA က ထုတ်ပြန်ပါတယ်။

ပုံစာ – လေကြောင်းမှ ဗုံကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် သီပေါမြို့ရှိ ဒေသခံနေအိမ်များ

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read