Homeပြည်တွင်းသတင်းသီပေါမြို့ကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံး ၁၂၀ နီးပါး ကြဲချတိုက်ခိုက်

သီပေါမြို့ကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံး ၁၂၀ နီးပါး ကြဲချတိုက်ခိုက်

၁၈ စက်တင်ဘာလ၊၂၀၂၄

သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊လေကြောင်းနဲ့ နှစ်ရက်ဆက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားတပ်တော် TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

သီပေါမြို့ရှိ အရပ်သားနေအိမ်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ အဆင်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် အရပ် သားပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေနဲ့ကားတစ်စီး မီးလောင်ပျက် စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သီပေါမြို့ကို Y-12 လေယာဉ်နဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဗုံးအလုံး(၅၀) ကြဲချတိုက်ခိုက် ခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ လေကြောင်းနဲ့ ဗုံးအလုံး(၆၀)နီးပါး ကြုချတိုက်ခိုက်ခဲ့တယ်လို့လည်း TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေတည်ရှိရာ သီပေါမြိုအတွင်းကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်၊ ဘုရား ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းကျောင်းဝန်းအတွင်းနေထိုင်သည့် ဒေါ်ငယ် အသက်(၆၀)နှစ်ရဲ့ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အပြင် ကားတစ်စီးနဲ့ကားပေါ် တင်ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်က Y-12လေယာဥ်နဲ့ထပ်မံ လာရောက်ဗုံးကြဲမှုကြောင့် ပန်တိမ် တောင်(မြောက်)ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေတဲ့ အသက်(၁၄)နှစ် အရွယ် အမျိုးသမီးငယ် (၁)ဦးရဲ့ လည်ပင်ကို ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ပုံစာ – လေကြောင်းပစ်ခတ်မှုကြောင့် သီပေါဒေသခံတစ်ချို့ ထိခိုက်ခဲ့မှုနဲ့ ပျက်စီးမှုများ
Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read