Homeပြည်တွင်းသတင်းသီပေါမြိုပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီ Y-12လေယာဥ်နဲ့ ဗုံးအလုံး(၆၀)ကျော် ကြဲချ၊ သီလရှင်တစ်ပါးပျံလွန်ခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ

သီပေါမြိုပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီ Y-12လေယာဥ်နဲ့ ဗုံးအလုံး(၆၀)ကျော် ကြဲချ၊ သီလရှင်တစ်ပါးပျံလွန်ခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ

၁၀ အောက်တိုဘာ၊၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါမြိုပေါ် ရပ်ကွက်နဲ့ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၆၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်မှာ စစ်ကောင်စီတပ်က Y-12လေယာဥ်နဲ့ ရွှေကျောင်း ရပ်ကွက်နဲ့ ပန်တိမ်တောင်ရပ်ကွက်ကို ဗုံး(၁၀)လုံး လာရောက်ကြဲချခဲ့ပြီး ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနှင့် ပန်တိမ်တောင်ရပ်ကွက်ရှိ ဦးအိုက်တူး တိုနေအိမ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာလ ၈ ရက် (၁၀)နာရီကျော်အချိန်ကလည်း စစ်ကောင်စီတပ်က Y-12လေယာဥ်နဲ့ တောင်မြိုရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နဲ့ နမ့်ငုံးကျေးရွာတွေကို ဗုံးအလုံးရေ (၅၀)ကျော် လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဗုံးကြဲချမှုကြောင့် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဦးမြင့်လွင်တို လင်မယား(၂)ဦး ထိခိုက်ဒဏ်ရာခံါတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်မြိုရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နဲ့ အုတ်ကျင်းရပ်ကွက်ရှိ ဒေသခံပြည်သူ နေအိမ် (၁၀)အိမ်ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမြို့ ရွှေကျောင်းရပ်ကွက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read