Homeပြည်တွင်းသတင်းသီတင်းကျွတ်လပြည့်နေ့ မန္တလေးမှာ မီးလောင်

သီတင်းကျွတ်လပြည့်နေ့ မန္တလေးမှာ မီးလောင်

၆ အောက်တိုဘာ ၂၀၂၅

အောက်တိုဘာ ၆ ရက် သီတင်း ကျွတ်လပြည့်နေ့ ည ၈နာရီအချိန်က မန္တလေးမြို့၆၂လမ်း ၆၃ လမ်း ကြား ၁၀၂ အနီးမှာ မီး လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးဘဲ၊ ဆုံးရှုံးမှုများနိုင်တယ်လို့ ကနဦး သိရပါတယ်။

မီးလောင်ပြင်အတွင်း အမျိုးသမီး၁ဦးခြေထောက် ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် မီးသတ်တပ်ဖွဲ့ဝင် ၁ဦး မီးခိုးမွှန် တာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီမီးလောင်မှုဟာ ၁ နာရီကျော်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-Than Htay

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး