၂၈ နိုဝင်ဘာ၊ ၂၀၂၄
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကချင်အထူး ဒေသ (၁) နယ်မြေတွေကို သိမ်းယူပြီးနောက် ကချင် အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ဘူးလို့ နိုဝင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကချင်အထူးဒေသ (၁) ကို KIA က အောက်တိုဘာလကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်မြို့နဲ့ ကန်ပိုက်တည် မြို့တွေကို ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် အထူးဒေသ ၁ နယ်မြေအားလုံးကို ထိမ်းချုပ်လိုက်တာဖြစ်ပါတယ်။
တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကံပိုင်တည်(ကန်ပိုက်တီ) မြို့က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခိုက်ပြီးနောက် ခုလိုကြေညာချုပ်ထွက်ပေါ်လာတာပါ။
KIO ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ် ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ပါသည်။”လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာ ထောက်ထားမှုအခြေခံတဲ့ မူဝါဒနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုး စား တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် အရင်က အထူးဒေသ (၁) အုပ်ချုပ်မှုအောက်တွင်မှာရှိတဲ့ ရှိခဲ့တဲ့ ဋ္ဌာနေ ပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နဲ့ ပူးပေါင်းကြဖို့ KIO ဗဟိုကော်မတီ က ထုတ်ပြန်ပါတယ်။
ပုံ – KNG