ပဲခူးတိုင်း၊ သာယာဝတီအကျဉ်း ထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို စစ်တပ်က နောက်အမှုကပ်ပြီး ပြည်လည်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင်ကနေ နိုင်ငံ ရေးအကျဉ်းသား ၁၆ ဦးနဲ့အခြာအကျဉ်း သား ၁၄ ဦး စုစုပေါင်း ၃၀ဦး လွတ်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
ဒါပေမယ့် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသး ၁၆ ဦးအနက် နိုင် ငံရေးအကျဉ်းသား ၆ ဦးကို ထောင်ဗူးဝမှာရဲကားနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဌာနက ရဲကားနဲ့ သာယာဝတီရဲစခန်းကို ပြန်လည်ဖမ်းဆီးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် (PPNM)ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအ ကျဉ်းသား ၆ ဦးထဲကနေ နိုင်ငံရေးအ ကျဉ်းသား ၁ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား ၅ဦးမှာနောက်အမှုတွေနဲ့ ဖမ်းဆီးပြီး သာယာဝတီအကျဉ်းထောင်ထဲကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ နိုင်ငံရေးအကျဉ်းသားတွေဟာ
သာယာဝတီအကျဉ်းထောင်အတွင်း နိုင် ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)တွေနဲ့ ထောင်ဒဏ်များကျခံပြီးနောက် လွတ်ရက်စေ့နဲ့ လွတ်မြောက်လာခဲ့ေပမယ့် အကြမ်းဖက်ပုဒ်မ ၅၂ နဲ့ထပ်မံတရား စွဲဆိုရန် ဖမ်းဆီးခံထားရတယ်လို့ PPNM က ဖော်ပြထားပါတယ်။
၂၀၂၅ခုနှစ်အတွင်း မြန်မာနိုင်ငံက အ ကျဉ်းထောင်တွေထဲမှာလွတ်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာပေမယ့်နိုင်ငံ ရေးအကျဉ်းသားတွေကို စစ်တပ်က ပြန် လည်ဖမ်းဆီးတာတွေရှိနေတာပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ လူအခွင့်အရေးချိုးဖောက်တာတွေကို ပေါ်ပေါ်တင်တင်ပြုလုပ်နေတာကြောင့် လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့စောင့်ကြည့်မှုတာတွေပြုလုပ်ကြဖို့ PPNM တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-PPNM


