Homeပြည်တွင်းသတင်းသာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းက ပုခုံးအဆစ်ပြုတ်တဲ့ အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းက ပုခုံးအဆစ်ပြုတ်တဲ့ အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား

၁၆ ဇူလိုင် ၂၀၂၅

သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားကိုအောင်သူထက်ကို ထောင်ဝန်ထမ်း စိုးမင်းဆိုသူက ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီးနောက် ဒီနေ့ အထိတိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သိရပါတယ်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့ မနက်ပိုင်းမှာ ထောင်ဝန်ထမ်းစိုးမင်းဆိုသူဟာ သာယာဝတီထောင်က အဆောင်မှူးရုံးခန်းမှာ အလုပ်လုပ်တဲ့ နိုင်ငံရေးအကျဉ်းသားမဟုတ်သူ တဦးနဲ့ ရန်ဖြစ်တယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို စွပ်စွဲရိုက်နှက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဝန်ထမ်းစိုးမင်းဟာ အရင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ အပေါ် ကိုယ်ထိရောက်ရောက်ကျူးလွန်မှုများကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးဖြစ်ပြီး သာယာဝတီထောင်ကို ထောင်ပြောင်းရွှေ့နဲ့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့လို့ တိုင်ကြားခံရသူဖြစ်တယ်လို့ဆိုပါတယ်။

ကိုအောင်သူထက်ကို ပုခုံးအဆစ်ပြုတ်အောင် ရိုက်နှက်ပြီးနောက် အချိန်အတော်ကြာအောင် ဆေးကုသမှု ပေးခြင်းမရှိတဲ့ အတွက် အခြားနိုင်ငံရေးအကျဉ်းသားတွေက ဝိုင်းဝန်းတောင်းဆိုမှသာ ဇူလိုင် ၆ ရက် နေ့လယ် ၂နာရီအချိန်ခန့်မှသာ ဆေးကုသခွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ကိုအောင်သူထက် ကို ပြဿနာရှိတယ်ဆိုပြီး ခေါ်ယူတိုက်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းစိုးမင်းဆိုသူကို အပြင်ထွက်ခွင့်ပိတ်တာနဲ့ သာယာဝတီထောင်မှာ နေရာပြောင်းတာကိုပဲပြုလုပ်ခဲ့ပြီး အရေးယူဆောင်ရွက်တာ ဒီနေ့ အထိမရှိသေးဘူးလို့ ဆိုပါတယ်။

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး