Homeပြည်တွင်းသတင်းသာစည်မြို့အနီးကို ဗဟိုပြုပြီး ၅.၃ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်တခုလှုပ်ခတ်သွား

သာစည်မြို့အနီးကို ဗဟိုပြုပြီး ၅.၃ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်တခုလှုပ်ခတ်သွား

မေ၊ ၂၀၂၅

မန္တလေးတိုင်း၊ သာစည်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု ရစ်ခ်တာစကေး ၅.၃ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု မေလ ၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ ၇ မိနစ်အချိန်လောက်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ဒီနေ့ မေလ ၉ ရက် မြန်မာစံတော်ချိန် မနက် ၇နာရီ ၁၈ မိနစ်လောက်မှာပဲခူးတိုင်း၊ ညောင်လေးပင်မြို့မြောက်ဘက် ၂၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်ငလျင်တစ်ခု လှုပ်ခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

Most read