Homeပြည်တွင်းသတင်းသာကေတ နဲ့ ကျုံပျော်မြို့နယ်က အုပ် ချုပ်ရေးမှူးတို့ပူးပေါင်းပြီး စစ်မှုထမ်းဖို့ လူငယ်တဦးကို ပြန်ပေးဆွဲလက်ဆင့် ကမ်းရောင်းချ၊ ပြန်ပေးဆွဲခံရတဲ့ လူငယ်မိသားစုအမှုဖွင့် တိုင်ကြားမည်

သာကေတ နဲ့ ကျုံပျော်မြို့နယ်က အုပ် ချုပ်ရေးမှူးတို့ပူးပေါင်းပြီး စစ်မှုထမ်းဖို့ လူငယ်တဦးကို ပြန်ပေးဆွဲလက်ဆင့် ကမ်းရောင်းချ၊ ပြန်ပေးဆွဲခံရတဲ့ လူငယ်မိသားစုအမှုဖွင့် တိုင်ကြားမည်

၂၃ အောက်တိုဘာ ၂၀၂၅

သာကေတမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ကျုံပျော်မြို့ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး စစ်မှုထမ်းဖို့ လူငယ်တဦးကို ပြန်ပေးဆွဲ လက်ဆင့်ကမ်း ရောင်းချတဲ့ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပြီး ၊ အဲဒီဖြစ်စဉ်အတွက် အုပ်ချုပ်ရေးမှူးတွေကို ပြန်ပေးဆွဲခံရတဲ့ လူ ငယ်မိသားစုက အမှုဖွင့်တိုင်ကြားမယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးဆီကနေ သိရပါတယ်။

ဖြစ်စဉ်ဟာ ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အောက်တိုဘာ ၁၉ရက်နေ့မှာ အသက် ၂၁နှစ်အရွယ် မောင်ကျော်သက်ပိုင်ဆိုသူ လူငယ်ကို ပေါ်တာဆွဲတယ်လို့ဆိုကာ ပြန်ပေးဆွဲပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာ စစ်မှုထမ်းဖို့ လူလိုနေတဲ့ ကျုံပျော်မြို့နယ် ရပ်ကွက်တခုရဲ့ အုပ်ချုပ်ရေးမှုးဆီမှာ ငွေကျပ် ၁၂၅သိန်းနဲ့ ရောင်း ချခဲ့တာဘဲဖြစ်တယ်လို့ သူသိထားတာကို ရှင်းပြပါတယ်။

ပြန်ပေးဆွဲခံရတဲ့ မောင်ကျော်သက်ပိုင်ရဲ့မိဘနဲ့ဆွေမျိုးတွေက ဖြစ်စဉ်ကို သိသိချင်းကျုံပျော်အုပ်ချုပ်ရေးမှူးဆီမှာ အချိန်မီ လိုက်လံရွေးယူခဲ့တာနိုင်ခဲ့တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငွေကျပ် ၁၂၅ သိန်းနဲ့ကျုံပျော် အုပ်ချုပ်ရေးမှူးဆီကိူ ရောင်းချခဲ့တဲ့ သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ် ချုပ်ရေးမှူးနဲ့အဖွဲ့ကို သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ရန်ကုန်မြို့အပါ ဒေသစုံမှာ စစ်မှုထမ်းအ ကြောင်းပြပြီး ပေါ်တာဆွဲသလိုလို ပြန်ပေးဆွဲသလိုလိုတွေ လုပ် ဆောင်ပြီးနောက်

သိန်းရာနဲ့ချီ တောင်းယူတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူနဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေသလို ဒီအပေါ်မှာ စစ်ကော် မရှင်အ‌ေနနဲ့ ယနေ့အချိန်အထိ အရေးယူဆောင်ရွက်တာမျိုးလည်း မရှိတာကို တွေ့ရပါတယ်။

ဓာတ်ပုံ- စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခံခဲ့ရသော မောင်ကျော်သက်ပိုင်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး