Homeပြည်တွင်းသတင်းသရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်း ကိုခန့်နိုင် လွတ်ငြိမ်းနဲ့ ပြန်လွတ်လာ

သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်း ကိုခန့်နိုင် လွတ်ငြိမ်းနဲ့ ပြန်လွတ်လာ

၂၇ နိုဝင်ဘာ ၂၀၂၅

နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ဟာ နိုဝင်ဘာလ ၂၇ ရက် မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ် မြောက်လာပြီလို့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။

ခင်ပွန်းဖြစိသူပြန်လွတ်လာတာနဲ့ပတ်သက်ပြီး ခိုင်သင်းကြည်က “မျှော်လင့်နေတဲ့နေ့လေးရာက်လာပါပြီ၊ဆုတောင်းလေးပြည့်ခဲ့ပြီ၊မိသားစုပြန်ဆုံပါပြီရှင်” လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည် မျှဝေထားပါတယ်။

သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ဟာ ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက် ည ၁၁ နာရီခန့်ကရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊(၃၀) ရပ်ကွက်၊ သုဝဏ္ဏနှင်းဆီနီလမ်းက နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဥ်းထောင်မှာ အကျဥ်းကျခံခဲ့ရသူဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး