Homeပြည်တွင်းသတင်းသပိတ်ကျင်း ရေထွက်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ နှစ်ရက်ဆက် ဗုံးကြဲ သေဆုံးသူ ၂၆ ဦးကျော်ရှိလာ

သပိတ်ကျင်း ရေထွက်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ နှစ်ရက်ဆက် ဗုံးကြဲ သေဆုံးသူ ၂၆ ဦးကျော်ရှိလာ

၁၉ ဧပြီ၊၂၀၂၅

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်ကောင်စီက ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက် ဒီနေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၆ ဦးကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို စစ်တပ်က ဧပြီလ ၁၉ ရက်နေ့က လေကြောင်း နဲ့ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ် နဲ့ ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ နဲ့ ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

Most read