Homeပြည်တွင်းသတင်းသပိတ်ကျင်း၊ ရေထွက်ရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ပြန်

သပိတ်ကျင်း၊ ရေထွက်ရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ပြန်

မေ၊ ၂၀၂၅

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို မေလ ၇ ရက် နေ့လယ် ၁၂ နာရီ ၇ မိနစ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖကထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၂၄ ဦးသေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

Most read