မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၉ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့နယ်( ၉ )မိုင်ကျေးရွာ နဲ့ လမ်းလယ် ကျစ်ကျေးရွာကြားက စစ်ဘေးရှောင်စခန်ကို မေလ ၁၅ ရက် နေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အသက် (၆၀)အရွယ် အမျိုးသား၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေး ၄ ဦး နဲ့ သံဃာတော် ၁ ပါး အပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စာသင်ကျောင်းတွေအပါအဝင် ပြည်သူလူထုနေထိုင်ရာနေရာတွေကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေပြီး ကလေးငယ်တွေအပါအဝင် ပြည်သူတွေနေ့စဉ် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ် နေတာကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီ နဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများ တူးထားကြဖို့ကိုလည်း ပြင်ဦးလွင်ခရိုင် ပကဖက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင် ပကဖက