Homeပြည်တွင်းသတင်းသပိတ်ကျင်းမြို့နယ်က အင်အား ၄၀၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်စခန်းကို MDY PDF သိမ်းပိုက်

သပိတ်ကျင်းမြို့နယ်က အင်အား ၄၀၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်စခန်းကို MDY PDF သိမ်းပိုက်

၂၆ ဩဂုတ်၊ ၂၀၂၄

သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ မှာ အခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဩဂုတ်လ ၂၅ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF က သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ကောင်စီတပ်စခန်းကို ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

MDY PDF က ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၅)ရက်က စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း(၂၀)ကြာမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တပ်စခန်းသိမ်းပိုက်မှုမှာ သုံ့ပန်းတချို့ ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကာ MDY PDF ဘက်ကလည်း ကျဆုံးသူ ၊ ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်နဲ့ စဉ့်ကူးလမ်းပိုင်းကြားက စစ်ကောင်စီရဲ့ ဗျူဟာမြောက်တပ်စခန်းတွေနဲ့ စခန်းငယ်အားလုံး MDY PDF က ထိန်းချုပ်နိုင်ပြီး ရန်သူကင်းစင်သွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

ပုံ – MDY PDF

ဆက်စပ် သတင်းများ

Most read