ရန်ကုန်တိုင်းအတွင်းက သန်လျင်မြို့နယ် ၆ လမ်းသွားကားလမ်းမပေါ်မှာ တက္ကစီယာဉ်မောင်းကိုသတ်ကာ အလောင်းစွန့် ပစ်ပြီး ကားလုယူထွက်ပြေးသွားတဲ့ တရားခံ ၃ ဦး ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာ တိုက်ကြေကား Page က အသိပေးဖော်ပြလာပါတယ်။
အဲဒီဖြစ်စဉ်ဟာ မနေ့က အောက်တိုဘာ ၆ ရက်နေ့ ညနေ ၃ နာရီမှာ အလောင်းစွန့်ပစ်ခံထားရတာကို ဒေသခံတွေကတွေ့ရှိခဲ့ရပြီး လုယက်သူတွေဟာ အောက် တိုဘာ ၅ ရက်နေ့ ညပိုင်းမှာ လုယက်သတ်ဖြတ်ကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံရသူ တက္ကစီသမားဟာအသက် ၅၈ နှစ်အရွယ် ဉီးစံသိန်းဆိုသူဖြစ်ပြီးတော့ သာကေတမြို့နယ် အမှတ် ၃ ရပ် ကွက်၊ ရန်ပြေ ၁၈ လမ်းအနောက်မှာ နေ ထိုင်သူတစ်ဦးဖြစ်ပါတယ်။
“သူ့အဖေရော ကားရော ပျောက်နေတယ်ဆိုတာ သူ့သားကိုယ်တိုင် လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းတယ်။ ပြန်တွေ့တော့ လုယက်သတ်ဖြတ်ခံရတဲ့ပုံစံဆိုတော့ မိသားစုတွေ ရင်ကွဲပက် လက်ဖြစ်ရတာပေါ့။”လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။
လတ်တလော လုယက်သတ်ဖြတ်တယ်လို့ ယူဆရတဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးရမိထားကာ စစ်ဆေးတာတွေလုပ် ဆောင်နေတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့မှာ တက္ကစီသမားတွေဆီကလုယက်သွားတဲ့ ကားတွေကို တစစီဖြုတ်ပြီး ရောင်းစားတဲ့သူတွေ၊ Without အနေနဲ့ပြန်ရောင်းတဲ့သူတွေများတယ်လို့ တိုက်ကြေကား Page က အသိပေးထားပါတယ်။
ပုံစာ- ကားလုယက်သတ်ဖြတ်ခံရသူ
ဓာတ်ပုံ-တိုက်ကြေကား Page


