သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ အေးသစ္စာဘက်မှာ စစ်တပ်နဲ့ ပျူလူမိုက်အဖွဲ့တွေပေါင်းပြီး အနုကြမ်းစီးတဲ့ဖြစ်စဉ်တခုဖြစ်ပွားခဲ့တယ်လို့ Than lyin Media ချန်နယ်ရဲ့ အသိပေးချက်ကို Rangoon Scout Network ကိုးကားဖော် ပြထားချက်အရ သိရပါတယ်။
အနုကြမ်းစီးတဲ့ ဖြစ်စဉ်ဟာ အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အိမ်ရှင်မိသားစုကို ရိုက်နှက်ပြီး ကျပ်သိန်း ၁၀၀ကျော် လုယူသွားတာဖြစ်တယ်လို့သိရပါတယ်။
အနုကြမ်းစီးရာမှာ စစ်တပ်ဘက်ကတပ်ကြပ်အဆင် ၂ ဦးအပါ လူမိုက် မြင့်ခိုင်နဲ့ ပျူစောထီး ကျော်ကြီးတို့အဖွဲ့ကအိမ်စီးကား ၄ စီးနဲ့ လမ်းထဲဝင်ရောက် လာကာ သေနတ်နဲ့ဓားတွေကိုင်ဆောင်ပြီးဓားပြတိုက်သွားတာဖြစ်တယ်လို့ Thanlyin Media ချန်နယ်က ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းနေရာစုံမှာ အရပ်ဝတ်တွေနဲ့ လက်နက် ကိုင်ပြီး ဓားပြတိုက်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာအပြင် နေအိမါတွေအတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေယူ ဆောင်တာတွေ ရှိနေပြီး၊ အဲ့ဒီသတင်းအချက်အလက်ကို တော်လှန်ရေးတပ်ဖွဲ့အတွင်း ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကော် မရှင် တပ်သားတွေကို ပြန်လည်ဖော် ထုတ်ပြောဆိုတာတွေရှိနေပါတယ်။
ပုံစာ – သံလျင်တံတားအဆင်း စစ်တပ်ဂိတ်တခုကိုတွေ့ရစဉ်


