Homeပြည်တွင်းသတင်းသတင်းအတုတွေကြား မျောပါမသွားမိအောင် ဂရုပြုဖို့ NUG ဝန်ကြီးချုပ် သတိပေး

သတင်းအတုတွေကြား မျောပါမသွားမိအောင် ဂရုပြုဖို့ NUG ဝန်ကြီးချုပ် သတိပေး

၁၅ ဩဂုတ်၊ ၂၀၂၄

ပြီးခဲ့တဲ့ရက်ပိုင်းမှာ တပ်တွင်းအာဏာသိမ်းသတင်း လူမှုကွန်ယက်မှာ နာရီပိုင်းလောက် ပျံ့နှံ့ခဲ့တဲ့အတွက် သတင်းအတုတွေကြား မျောပါမသွားမိအောင် ဂရုစိုက်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၁၅ ရက်မှာ ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်း အဝေးမှာ သတိပေးလိုက်ပါတယ်။

“အကြမ်းဖက်စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သူတို့ဘက်က ထုတ် လွှင့်တဲ့ သတင်းအတုအယောင်တွေမှာ လိုက်ပါ စီးမျောမသွားမိစေဖို့ ဂရုပြုဆောင်ရွက်ကြပါ” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပါတယ်။

တော်လှန်ရေးအဖွဲ့တွေအတွက် လက်နက်ခဲယမ်းများနဲ့ ရိက္ခာ၊ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ရရှိဖို့ ဦးစားပေးအဆင့်မှာထားပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင်တော်လှန်ရေးအဖွဲ့ချင်း သွေးမကွဲအောင် သတိပြုဖို့လည်း သူက ပြောဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျဆုံးချိန် ဖြစ်တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့် နှေး စေဖို့ သပ်လျှို လုပ်ဆောင်နေမှုတွေကို တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်း ချက် မပျောက်ပျက်စေဖို့၊ မတွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့လည်း NUG ဝန်ကြီးချုပ်က သတိပေး ပြောဆိုပါတယ်။

Photo-NUG

ဆက်စပ် သတင်းများ

Most read