Homeပြည်တွင်းသတင်းသတင်းထောက် ကိုသီဟဇော်ရဲ့ ဈာပနအခမ်းအနားကို မဲဆောက်မြို့မှာ ပြုလုပ်

သတင်းထောက် ကိုသီဟဇော်ရဲ့ ဈာပနအခမ်းအနားကို မဲဆောက်မြို့မှာ ပြုလုပ်

၁၇ ဖေဖော်ဝါရီ ၂၀၂၆

New Day Myanmar သတင်းဌာနရဲ့ သတင်းအယ်ဒီတာဖြစ်သူ သတင်းထောက် ကိုသီဟဇော် (ခ) မောင်သူရိန်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ကိုသီဟဇော်ဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး မြစ်မခသတင်းအေဂျင်စီ မှာ သတင်းထောက်အဖြစ် သတင်းလောကထဲ ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ အဲ့ဒီသတင်းဌာနအတွင်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပြည်တွင်း သတင်းမီဒီယာအချို့မှာလည်း စစ်အာဏာသိမ်းမတိုင်ခင်အထိ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဇွန်လအတွင်း သူနေထိုင်ရာ ရန်ကုန်မြို့က အိမ်ကို အာဏာသိမ်းစစ်တပ်က လာရောက်ရှာဖွေခဲ့တာကြောင့် ပြည်တွင်းမှာ နေရာအနှံ့ ထွက်ပြေးပုန်းရှောင်ရင်း သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြောင်းရွှေ့လာပြီး New Day Myanmar သတင်းဌာနမှာ သတင်းအယ်ဒီတာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကိုသီဟဇော်ဟာ ၂၀၂၅ ခုနှစ်အတွင်း ကင်ဆာရောဂါ ဝေဒနာကို စတင်ခံစားခဲ့ရပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ကင်ဆာဝေဒနာနဲ့ပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ – ထွန်းကျော်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး