Homeပြည်တွင်းသတင်းသင်္ကန်းခြုံပြီး "အိုပါး ဂန်းနမ် စတိုင်" သီချင်းနဲ့ ဟာသလုပ်ခဲ့တဲ့ အောင်စိုးမင်း ဆိုင်းအဖွဲ့ဝင် ၅ ဦး ပုဒ်မ ၂...

သင်္ကန်းခြုံပြီး “အိုပါး ဂန်းနမ် စတိုင်” သီချင်းနဲ့ ဟာသလုပ်ခဲ့တဲ့ အောင်စိုးမင်း ဆိုင်းအဖွဲ့ဝင် ၅ ဦး ပုဒ်မ ၂ ခုနဲ့ ဖမ်းဆီးခံရ

၁၄ ဒီဇင်ဘာ ၂၀၂၆

ဒီဇင်ဘာ ၆ ရက်နေ့က နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ် ၊ ဇလောင်းကျေးရွာရှိ အခမ်းအနား ပွဲတခုမှာ သင်္ကန်းခြုံပြီး “အိုပါး ဂန်းနမ် စတိုင် ” သီချင်းနဲ့ ဟာသလုပ်ခဲ့တဲ့ အောင်စိုးမင်း ဆိုင်းအဖွဲ့က ဆိုင်းဆရာအပါအဝင် ၅ ဦးကို ဒီဇင်ဘာ ၁၃ ရက်နေ့က သူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီး စစ်ကောမရှင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ ရသူတွေကတော့ ဆိုင်းဆရာ စိုးသိန်း (ခ) အောင်စိုးမင်း ၊ လူရွှင်တော်ဖြစ်သူ စိုးမင်းဦး ၊ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက် နဲ့ နန်းဝတီ တို့ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ၂၉၄/ ၂၉၅-က ပုဒ်မ၂ခု နဲ့ တောင်ညိုနယ်မြေရဲစခန်းက အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး