၂၃ ဖေဖော်ဝါရီ၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်းက UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖျန်လုပ်ငန်းတစ်ခုကို ဟိုပန်ခရိုင် တရားစီရင်ရေးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ (၂၀)ရက် ညသန်းခေါင်ယံအချိန်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ (၁၀၅)ဦးကို စပ်ဆက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ လက်ရှိဖမ်းမိထားတဲ့ ၁၀၅ ဦးထဲမှာ တရုတ်နိုင်ငံသား၊ ဝ၊ ကိုးကန့် နဲ့ ရှမ်းလူမျိုးတွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းဖမ်းဆီးရမိတဲ့ကိစ္စကို UWSA ဘက်ကလည်း အတည်ပြုပေးထားပြီး လုပ်ငန်းကို အဓိကဦးဆောင်နေတဲ့ တရုတ်လူမျိုးက မဖမ်းဆီးခင်ကတည်းက ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။
မကြာသေးမီကပဲ တန့်ယန်းမြို့တွင်းက ကျားဖြန့်လုပ်ငန်းတစ်ခုကို ဝင်စီးရာမှာ လူတစ်ထောင်ကျော်ကို ဖမ်းဆီးရမိပြီး ဒီထဲက တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံဘက်ကို UWSA ဝ တပ်ဖွဲ့က လွှဲပြောင်းပေးအပ်ထားပါတယ်။
ဓာတ်ပုံ – WSTV