Homeပြည်တွင်းသတင်း"ဝ" ဒေသမှာ မဲပုံးထောင်တာ၊ မဲဆွယ်စည်းရုံးတာတွေရှိရင် တရားစီရင်ရေးဌာနကိုတိုင်ကြားနိုင်

“ဝ” ဒေသမှာ မဲပုံးထောင်တာ၊ မဲဆွယ်စည်းရုံးတာတွေရှိရင် တရားစီရင်ရေးဌာနကိုတိုင်ကြားနိုင်

စက်တင်ဘာ ၂၀၂၅

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မ တော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန် နဲ့ ပန်လုံမြို့တွေမှာ မဲပုံးထောင်ခွင့် မပြုထားသလို ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးဆင်းတာ၊ မဲဆွယ်စည်း ရုံးတာမျိုး တွေ့ရှိရင် တရားစီရင်ရေးဌာနကို တိုင်ကြားနိုင်တယ်လို့ ဒီကနေ့ စက် တင်ဘာ ၅ ရက်မှာ “ဝ” လူငယ့်အသံကရေးသားဖော်ပြထားပါတယ်။

“ဝ တပ် UWSA ထိန်းချုပ်နယ်မြေတိုင်းမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တစ်ခုပဲရှိတယ်၊ အခြားပါတီတွေ မရှိဘူး၊ မဲပုံးထောင်ခွင့်လည်း မပြုထားဘူး” လို့ ဆိုပါတယ်။

ဒီပြောကြားချက်ဟာ မနေ့က စက်တင် ဘာ ၅ ရက်မှာ “ဝ”ဒေသ စစ်မှုထမ်းဆိုင် ရာ ဥပဒေ၊ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင် ရာ အသိပညာပေး လူထုအစည်းအဝေးမှာ ဒေသအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေကထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ ဝ” လူငယ့်အသံကဖော်ပြထားတာပါ။

အခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ စစ်ကောါမရှင်က ဦးဆောင်ကျင်းပမဲ့ ရွေးကောက် ပွဲမှာ “ဝ” တပ်ထိန်းချုပ်တဲ့ နယ်မြေတွေကို ထည့်သွင်းထားတာတွေ့ရပါတယ်။

UWSA ထိန်းချုပ်နယ်မြေတွေမှာ စစ်အစိုးရ အဆက်ဆက် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ NLD လက်ထက်ကတည်းက ရွေးကောက်ပွဲ ကျင်းပဖို့ ခွင့်ပြုတောင်း ဆိုချက်တွေကို “ဝ” တပ်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး ဟိုပန်နဲ့ ပန်လုံမြို့မှာတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန်နဲ့ NLD အစိုးရ လက် ထက်မှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

WSTV ရဲ့သတင်းဖော်ပြချက် မှတ်တမ်းအရ ရှမ်းပြည်နယ်ဝန်ကြီး ဦးအောင်အောင်ဟာ အခုနှစ်အတွင်းမှာ “ဝ” ပြည် နယ်၊ ပန်ဆန်းမြို့ကို သွားရောက်ခဲ့ပြီး “ဝ” ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကာ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ ရွေးကောက်ပွဲအကြောင်းအပြင်အမျိုး သား ပညာရေး၊ ကျန်းမာရေးအပြင် အခြားလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့

ဆောင်ရွက်ပေးရန် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ-WNL

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး