Homeပြည်တွင်းသတင်း"ဝ"၊ တအောင်းနဲ့ မွန်လူငယ်တွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝန်းရံပါဝင်တာမျိုးမလုပ်ဆောင်ဖို့ ပူးတွဲသဘောထား ထုတ်ပြန်

“ဝ”၊ တအောင်းနဲ့ မွန်လူငယ်တွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝန်းရံပါဝင်တာမျိုးမလုပ်ဆောင်ဖို့ ပူးတွဲသဘောထား ထုတ်ပြန်

၁၁ နိုဝင်ဘာ ၂၀၂၅

တိုင်းရင်းသားလူမျိုး ၃ စုဖြစ်တဲ့ “ဝ”၊ တအောင်းနဲ့ မွန်လူငယ်တွေက စစ်ကော်မ ရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝန်းရံပါဝင်တာမျိုးမလုပ်ဆောင်ဖို့ ပူးတွဲသဘောထား ထုတ်ပြန်ချင်တစောင်ကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။

အကြမ်းဖက်စစ်ကော်မရှင် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဟာ ၄င်းတို့ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအားလုံး ရှောင်ရှားဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကိုပြန်လည်အသက်သွင်းဖို့ ရည် ရွယ်ထားပြီး တိုင်းရင်းသားအားလုံးလို လားတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုတည်ဆောက်ရေးနဲ့ လုံးဝဆန့်ကျင်နေတာကြောင့် မိမိတို့ မွန်ခမာအုပ်စု “၀”၊ တအာင်း၊မွန်လူငယ်များက လုံးဝဆန့်ကျင် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာဖော် ပြထားပါတယ်။

ဒါအပြင် စစ်တပ်က သမိုင်းတစ်လျှောက်ပြုလုပ်တဲ့ ရွေးကောက်ပွဲတိုင်းမှာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးနဲ့ တရားဝင်ဖြစ်ရေး ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တိုင်းရင်း သားအင်အားစုများအချင်းချင်းကြား စည်းလုံးညီညွှတ်မှုပျက်ပြားစေရေး၊ သွေးခွဲရေးနဲ့နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကို "ဝ"၊ တအောင်း၊ မွန်လူမျိုးတွေအနေနဲ့လုံးဝဆန့်ကျင်ကြောင်းနဲ့ ပြည်တွင်း၊ပြည်ပမှာရှိတဲ့ နိုင်ငံရေးပါ တီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေအားလုံး ဝန်းရံပါဝင်တာမပြုလုပ်ဖို့ ပူးတွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအပါအဝင် နိုင်ငံ တကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အ စည်းတွေနဲ့ ပြင်ပနိုင်ငံကအိမ်နီးချင်း ရင်း နှီးမြုပ်နှံသူအားလုံးအနေနဲ့အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ရွေး

ကောက်ပွဲကို နည်းပညာအရ ပံ့ပိုးကူညီတာ၊ စောင့်ကြည့်လေ့လာတာ၊ ပူးပေါင်းပါဝင်တာ၊ အသိအမှတ်ပြုတာအပါအဝင် အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ သံတ မန်ရေးအရ ပံ့ပိုးဆောင်ရွက်တာတွေ မလုပ်ဆောင်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

မွန်-ခမာ အုပ်စုဝင်ညီအစ်ကိုတွေဟာ အတိတ်သမိုင်းကိုသင်ခန်းစာယူကာ လက်ရှိတော်လှန်ရေးအင်အားစုတွေဆောင်ရွက်နေတဲ့ ပြည်နယ်အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးချဉ်း ကပ်မှုအခြေခံမူကို လက်ကိုင်ထားပြီး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး ရည်မှန်းချက်အောက်မှာ စစ်အာဏာရှင်သက်ဆိုးရှည်စေမယ့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်တော်လှန်သွားမယ်လို့ ဖော်ပြထားပါတယ်။

#တိုင်းရင်းသားလူမျိုးသုံးစု#စစ်ကော်မရှင်#ရွေးကောက်ပွဲ#ပူးတွဲသဘောထားထုတ်ပြန်#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး