စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ မဏ္ဍပ်မဖျက်သိမ်းပဲ ဆက်ဆောက်နေလို့ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ဝေဖန်မှုတွေမြင့်တက်ခဲ့တာကြောင့် နေပြည်တော်မဏ္ဍပ်ကို ဧပြီ ၁၀ ရက်မှာစတင်ဖျက်သိမ်းနေပြီလို့ စစ်ကောင်စီနဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
သင်္ကြန်မဏ္ဍပ်တွေကို ဧပြီ ၆ ရက်နေ့အထိ ဆောက်လုပ်နေတာဖြစ်ပြီး ၇ ရက်နေ့မှာတော့ အထက်က ညွှန်ကြားထားဟုဆိုကာ ပြန်လည်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နေပြည်တော်မဏ္ဍပ်ကိုတော့ ဆက်လက်ဆောက်လုပ်နေတာဖြစ်ပါတယ်။
“အစကတော့ လုပ်မလို့ပဲ။ အကုန်လုံးကဝေဖန်နေကြတော့ ဖျက်လိုက်တာ။ စတိလောက်တော့ လုပ်ဖြစ်မှာပါ။ မဏ္ဍပ်အကြီးကတော့ ဒီနေ့မှာစပြီး ဖျက်လိုက်ပြီ” လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။
မဏ္ဍပ်တွေကို ဖျက်သိမ်းခိုင်းပေမယ့် ရန်ကုန်နဲ့ နေပြည်တော်က နာမည်ကြီး ကလပ်တွေ၊ ဘားတွေမှာပြုလုပ်တဲ့ Private သင်္ကြန်တွေကိုတော့ စစ်ကောင်စီက ပြုလုပ်ခွင့်ပေးထားပါတယ်။
ပုံစာ – ၂၀၂၂ ခုနှစ်က နေပြည်တော် သင်္ကြန်မြင်ကွင်း