Homeပြည်တွင်းသတင်းဝယ်ယူမယ့်သူမရှိသေးတဲ့ ခြံအမှတ် (၅၄) နေအိမ်ကိုကျပ် ဘီလျံ (၂၇၀) ဖြင့် ရောင်းချရန် ဦးအောင်ဆန်းဦး ဘက်မှ ထပ်မံတင်ပြ

ဝယ်ယူမယ့်သူမရှိသေးတဲ့ ခြံအမှတ် (၅၄) နေအိမ်ကိုကျပ် ဘီလျံ (၂၇၀) ဖြင့် ရောင်းချရန် ဦးအောင်ဆန်းဦး ဘက်မှ ထပ်မံတင်ပြ

၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ ခြံအမှတ် (၅၄) နေအိမ်ကို ဦးအောင်ဆန်းဦးဘက်ကနေ ကျပ် ဘီလျံ (၂၇၀) ဖြင့်ဈေးထပ်မံလျှော့ချ၍ ရောင်းချရန် တင်ပြခဲ့တယ်လို့ တရားရုံးနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

၎င်းအနေနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရုံးချိန်းမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

လေလံ ကြမ်းခင်းဈေး ကျပ်(၂၉၇) ဘီလျံကနေ ကျပ် ဘီလျံ (၂၇၀) ကိုထပ်မံလျှော့ချလိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ လေလံဆွဲဝယ်မယ်ယူမယ့်သူမရှိသေးတာဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄) နေအိမ်ကို(၃)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူမရှိသေးဘဲ ကျပ်ငွေ (၃၁၅) ဘီလီယံဖြင့် တစ်ကြိမ်၊ (၃၀၀)ဘီလီယံဖြင့် တစ်ကြိမ်၊ (၂၉၇) ဘီလျံဖြင့်တတိယတစ်ကြိမ် လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

ခြံအမှတ် (၅၄) သည် ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ယင်းခြံအား ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ် သူ ဦးးအောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက် ထားမှုအပေါ် ၂၀၁၆ ခုနှစ်၌ ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံး က နှစ်ထပ်တိုက်နှင့် မြေတစ် ဝက်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်အား ဦးအောင်ဆန်းဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားတာလည်းဖြစ်ပါတယ်။

ဦးအောင်ဆန်းဦးက အမွေဆိုင်အမှုအပေါ် တရားရုံးရဲ့ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော် ချုပ်မှာ အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အယူခံအား ပလပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးအောင်ဆန်းဦးဘက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အထူးအယူခံလျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှု ကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း အမိန့်ပြန်လည်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read