Homeပြည်တွင်းသတင်း"ဝ"ပြည်နယ် ခရိုင် ၄ ခရိုင်က စစ်ဆေးရေး ဂိတ်တွေအားလုံး ဖျက်သိမ်း

“ဝ”ပြည်နယ် ခရိုင် ၄ ခရိုင်က စစ်ဆေးရေး ဂိတ်တွေအားလုံး ဖျက်သိမ်း

၁၃ ဇူလိုင် ၂၀၂၅

“ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ဒေသအတွင်းကစစ်ဆေးရေးဂိတ်တွေအားလုံး ဗဟိုကော် မတီညွှန်ကြားချက်နဲ့ ဖျက်သိန်းလိုက်ပြီဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောပါတယ်။

“ဝ”တပ်မတော်ထိန်းချုပ်ထားတဲ့ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန်စတဲ့ ဒေသတွေက ဂိတ်တွေအားလုံးကို ဖျက် သိမ်းလိုက်တာပါ။

ဇူလိုင် ၁၁ ရက်က ထုတ်ပြန်တဲ့ UWSA ဗဟိုကော်မတီရဲ့ညွှန်ကြား ချက်မှာ ခုလို ရုပ်သိမ်းဖို့ ဖော်ပြထားတာဖြစ်ပြီးနယ်စပ်ဂိတ်တွေ ကိုတော့ ယခင်အတိုင်းပုံမှန် ထားရှိသွားမယ်လို့ သိရပါတယ်။

ခုလို ရုပ်သိမ်းရတာဟာ ပြည်သူလူထုတွေ လွတ် လွတ်လပ်လပ်နဲ့ သွားလာတဲ့နေရာမှာ အ ဆင်ပြေချောမွေ့၊ မြန်ဆန်စေဖို့အတွက်ဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက New Day Myanmar ကို အတည်ပြုပြောဆိုပါတယ်။

မြို့တော်ပန်ဆန်းမြို့အပြင် အခြားသော မိုင်းပေါက်နဲ့ မိုင်းမောမြို့တွေမှာရှိတဲ့ဂိတ်တွေကိုလည်း ဖျက်သိမ်းလိုက်တာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ- CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး