Homeအထူးသတင်းဝန်ကြီးချုပ် ပေထောင်တန်ကို ဖယ်ရှားဖို့ ထိုင်းတရားရုံးဆုံးဖြတ်

ဝန်ကြီးချုပ် ပေထောင်တန်ကို ဖယ်ရှားဖို့ ထိုင်းတရားရုံးဆုံးဖြတ်

၂၉ ဩဂုတ် ၂၀၂၅

ပေထောင်တန်ရဲ့အငြင်းပွားဖွယ်ရာ ဖုန်းခေါ်ဆိုမှုဟာ ကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်တယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက စီရင်ချက်ချလိုက်ပါတယ်။

ဒါကြောင့် ဆိုင်းငံ့ထားတဲ့ ဝန်ကြီးချုပ်တာဝန်ရာထူးက ချက်ချင်းဖယ်ရှားခံရမှာဖြစ်ပြီး သူ့ရဲ့ပါတီနဲ့ ရှင်နာဝပ်မိသားစုအတွက် ထိုးနှက်ချက်တခုဖြစ်လာပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာ အငြင်းပွားနေချိန် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ဖွဲ့စည်းပုံခုံရုံးက သူ့ကို ဝန်ကြီးချုပ်ရာထူးက ဆိုင်းငံ့ထားခဲ့တာပါ။

ပေါက်ကြားလာတဲ့အသံဖိုင်မှာ ထိုင်းစစ်တပ်ကို ရန်သူအဖြစ် ပစ်မှတ်ထားကြောင်းနဲ့ဟွန်ဆန်အပေါ် သဘောထားမှတ်ချက်အတွက် ထိုင်အများအပြားက မကျေနပ်ဖြစ်ခဲ့ကြတာပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး