Homeဗွီဒီယိုဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ရဲ့ ကားကို သေနတ်နဲ့ပစ်တာ စစ်တပ်က ဖြစ်ကြောင်း မျက်မြင်သက်သေ ဆရာတော်ရဲ့ မိန့်ကြားချက်

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ရဲ့ ကားကို သေနတ်နဲ့ပစ်တာ စစ်တပ်က ဖြစ်ကြောင်း မျက်မြင်သက်သေ ဆရာတော်ရဲ့ မိန့်ကြားချက်

၂၀ ဇွန်၊ ၂၀၂၄

မနေ့က ဇွန်လ ၁၉ ရက် နေ့လည်မှာ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ ကားကို တံတားဦး လေဆိပ်မှာ တာဝန်ယူထားတဲ့ စစ်တပ်က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ဆရာတော် နေရာမှာတင် ပျံလွန်တော်မူခဲ့ရပါတယ်။

ဇွန်လ ၁၉ ရက်မှာ သံဃာ့နာယကအစည်းအဝေးတစ်ခုတက်ဖို့ မန္တလေးကို လေယာဉ်နဲ့ ကြွလာတဲ့ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို တံတားဦး လေဆိပ်က အထွက်မှာပဲ လေဆိပ် လုံခြုံရေး စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ဇွန်လ ၁၉ ရက်နေ့ည ၈ နာရီ သတင်းမှာ ဆရာတော်ကြီးတွေကို ပစ်ခတ်တာ PDF တွေဖြစ်တယ်လို့ ဝါဒဖြန့်ခဲ့ပေမယ့် ဒီနေ့ ဇွန်လ ၂၀ ရက်မှာ ကားပေါ်ပါခဲ့တဲ့ ဆရာတော်က ဖြစ်စဉ်ကို ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဆရာတော်ရဲ့ မိန့်ကြားချက်ထဲမှာ ဖောကားပေါ်မှာ ပါတဲ့ စစ်တပ်က ၀ိုင်းပစ်ခဲ့တာလို့ ရှင်းရှင်းလင်းလင်း ပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read