စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရေလည်မော်ရွာကို ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၉ နာရီအချိန်က စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့ပြီး ပေါင် (၁၀၀)ဗုံးသီး (၆) လုံးကျဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်နဲ့ လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီးအနည်းဆုံး ငါးဦး ဒဏ်ရာရခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။


