၇ ဇန်နဝါရီ ၊၂၀၂၅
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မှတ်ထိရွာ နဲ့ မင်းကုန်းရွာကြားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်(၄၅)လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၇)ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
လယ်ကိုင်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇)ဦးပါ စစ်ကြောင်းကို အမှတ် (၁)စစ်ဒေသ၊ အမှတ် (၂)ရွှေဘိုခရိုင် ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ၊ ဝက်လက်မြိုနယ် ပကဖ တိုက ဇန်နဝါရီလ (၅)ရက်နေ့က တိုက်ခိုက်ရ လက်နက်မျိုးစုံ (၄၅)လက် နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများမှာ ၆၀ မမ ပြောင်းတို (၁)လက်၊ RPG-7 (၁)လက်၊ MA-15 (၁)လက်၊ MA-4 (၂)လက်၊ MA-3 (၅) လက်၊ MA-1 (၁၀)လက်၊ G-3 (၁၇)လက်၊ M-79 (၁)လက်၊ MA-13 (၅)လက်၊ MA-11 (၁)လက်၊ BA-93 (၁)လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈)တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇)တောင့်၊ အီနာဂါပိုကျည် (၁၄)တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁)ခု၊ နာနတ်သီးဗုံး (၃)လုံး၊ သံပုရာသီး ဗုံး (၁)လုံး၊ အီနာဂါ ဗုံးသီး (၁၀)လုံး၊ ၆၀ မမ ဗုံးသီး (၆)လုံး၊ RPG-7 ဒုံးသီး (၇)လုံး၊ RPG ပိုကျည် (၇)ခု၊ နင်းမိုင်း (၅)လုံး၊ MA ကျည်အိမ် (၄၂)ခု၊ G-3 ကျည်အိမ် (၃၈)ခု၊ MA-13 ကျည်အိမ် (၁၁)ခု၊ Jammer အကြီး (၁)ခု၊ ကျည်ကာဦးထုပ် (၁၀)လုံး တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်မှ နေ့လယ် (၁၂)နာရီခွဲခန့်မှာ ဝက်လက်မြိုနယ်၊ ပေါက်ကန်ရွာသို တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃)နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာ တဲ့ MiG-29 (၁)စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ထြားပါတယ်။
အဆိုပါ စစ်ကြောင်းမှာ ဇန်နဝါရီလ (၃)ရက်နေ့တွင် ရွှေဘိုမြိုနယ်ရှိ စခတ(၈)အတွင်းမှ စစ်ကြောင်း စတင် ထွက်လာတာဖြစ်ပြီး ရွှေဘိုမြိုနယ်ရှိ ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံ နဲ့ ဝက်လက်မြိုနယ်ရှိ လယ်ကိုင်းရွာတွေအနီးမှာ ဒရုန်းနဲ့ တိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – NUG-MOD