Homeပြည်တွင်းသတင်းလှိုင်သာယာ အဝေးပြေးဝန်းအတွင်း ဖယောင်းတိုင်ထွန်းပြီး အိပ်ရာကနေ ကားမီးလောင်မှုဖြစ်ပွား

လှိုင်သာယာ အဝေးပြေးဝန်းအတွင်း ဖယောင်းတိုင်ထွန်းပြီး အိပ်ရာကနေ ကားမီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၂၀၂၅

လှိုင်သာယာ အဝေးပြေးဝန်းအတွင်းထဲက မှန်လုံယာဉ်တစီးဟာ ဒီကနေ့ အောက် တိုဘာ ၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်အချိန်က မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မီးလောင်ကျွမ်းတာဟာ ဒဂုံဧရာအ ဝေးပြေးကားဝန်း၊ ဖျာပုံလမ်းနဲ့ အဝေးပြေးထွက်ပေါက်လမ်းထောင့်မှာ ရပ်ထားတဲ့ ခရီးသည် တင်မှန်လုံယာဉ်တစီး လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ ကားပေါ်မှာဖယောင်းတိုင်ထွန်းပြီး အိပ်ရာကနေ ကားမီးလောင်ခဲ့တာဖြစ်လို့ သိရပါတယ်။

“ကားပေါ်မှာ ဖယောင်းတိုင်ထွန်းအိပ်တယ်တဲ့ဗျာ။ လူမသေသွားတာကံ ကောင်းတယ်။ ဖယောင်းတိုင်ထွန်းအိပ်တဲ့ ယာဉ်မောင်းကိုတော့ဖမ်းဆီးအ ရေးယူထားပါတယ်။ ကားအတွင်းခန်းအား လုံးလောင်သွားတယ်။ မိနစ်၂၀ကျော်လောက်ငြိမ်းလိုက်ရတယ်”လို့ လှိုင်သာ ယာဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။

အဲဒီ မီးလောင်ပြင်ကို လှိုင်သာယာမြို့ နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက် ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက အသိပေးထားပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး