Homeပြည်တွင်းသတင်းလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တရားရုံးရှေ့ မြက်တောအတွင်း ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ လုံခြုံရေးဝန်ထမ်းတဦးရုပ်အလောင်းတွေ့

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တရားရုံးရှေ့ မြက်တောအတွင်း ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ လုံခြုံရေးဝန်ထမ်းတဦးရုပ်အလောင်းတွေ့

၁၀ အောက်တိုဘာ ၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ရန်ကုန်-ပုသိမ် လမ်းဘေး၊မြို့နယ်တရားရုံးရှေ့က မြက်တောအတွင်းမှာ ဒဏ်ရာများနဲ့သေဆုံးနေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးရုပ်အလောင်းကို အောက်တိုဘာလ ၉ ရက်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးနေသူမှာ အသက် ၃၂ နှစ်ခန့်အရွယ်ရှိပြီး ခြေကျိုးဒဏ်ရာ၊ လက်နှစ်ဖက်ကျိုးဒဏ်ရာနဲ့ ဦး ခေါင်းပေါက်ပြဲထိခိုက်ဒဏ်ရာများနဲ့ သေဆုံးနေတာ

ဖြစ်ပြီး အောက်တိုဘာလ၈ရက်ညပိုင်းက ယာဥ်တိုက်ခံရတာဖြစ်နိုင်ပြီး သေဆုံးသူရဲ့မလှမ်းမကမ်းမှာလည်း ပျက်စီးနေတဲ့ စက်ဘီးတွေ့ရှိခဲ့ကာ သေဆုံးသူကို မြက်တောအတွင်း နေရာရွှေ့ပြောင်းသွားတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို ခွန်အားသစ် လူမှုကူ ညီရေး ပရဟိတအသင်းကမော်တော်ယာဥ်နဲ့ လှိုင်သာယာပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး