ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့ နယ်၊ အမှတ် ၆ ရပ်ကွက်က အဆောင်တဆောင်မှာအောက်တိုဘာလ၂၂ ရက် ညပိုင်းက ဓါးထိုးမှုဖြစ်ပွားပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာလ၂၂ရက် ညပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း) မြို့ နယ်၊အမှတ် ၆ ရပ်ကွက်က အဆောင်တဆောင်မှာ ငှားရမ်းနေထိုင်တဲ့ အမျိုးသား နှစ်ဦး အရက်အတူတူ သောက်စားပြီး မူးယစ်လာချိန်မှာ စကားများ ရန်ဖြစ်ခဲ့ကြပြီး ကြက်သွန်လှီး
ဓါးနဲ့ ထိုးသတ်ခဲ့တဲ့အတွက် အမျိုးသားတဦးဟာ အခင်းဖြစ်နေရာမှာ တင်သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ဓါးထိုးသူနဲ့သေဆုံးသူတို့ဟာ ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်ကဖြစ်ပြီး ဓါးနဲ့ထိုးခဲ့သူအမျိုးသားကို သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။


