Homeပြည်တွင်းသတင်းလှည်းကူးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်၊ ယုဇနဥယျာဉ်အိမ်ရာရှိ အထပ်မြင့်တိုက်အချို့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်

လှည်းကူးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်၊ ယုဇနဥယျာဉ်အိမ်ရာရှိ အထပ်မြင့်တိုက်အချို့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်

မေ၊ ၂၀၂၅

လှည်းကူးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိငလျင်လှုပ်ပြီးနောက််၊ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ယုဇနဥယျာဉ်အိမ်ရာက အထပ်မြင့်တိုက်အချို့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၅)မိနစ်၊ (၃၆)စက္ကန့် အချိန်မှာ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။

ငလျင်လှုပ်မှုကို သိသိသာသာခံစားရပြီး လမ်းပေါ်ကိုဆင်းပြေးကြရတယ်လို့ ဆိုပါတယ်။

“သုံးလွှာမှာနေတော့ နည်းနည်းလေးရမ်းသွားတာငလျင်လှုပ်တာလားဆိုပြီး အပြင်ထွက်ကြည့်တော့ တစ်လမ်းလုံးတိုက်အောက်ဆင်းပြီး လမ်းမပေါ်ရောက်နေကြပြီ။ နှစ်ကြိမ်လှုပ်သွားတာ။ တိုက်တွေကဆောက်ထားတာကြာပြီဆိုတော့ အက်ကွဲကြောင်းရာဖြစ်ကုန်တယ်။ ၅ ကျော်ရင်သူ့ဟာကပြိုနိုင်တယ်” လို့ ယုဇနမြို့မြို့မှာနေသူ တဦးကပြောပါတယ်။

(၅)လွှာတိုက်ခန်းနေတဲ့ သူတွေကတော့ တိုက်ခန်းက သိသိသာသာရမ်းခါသွားခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်(၂၈)ရက်မှာ ရစ်တာစကေး(၇.၇)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ အတွက် ငလျင်ပြင်းထပ်လှုပ်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပုံစာ – ယုဇနဥယျာဉ်မြို့တော် C ဘလောက်ရပ်ကွက်ရှိတိုက်ခန်းတခန်းတွင် ငလျင်​ကြောင့် အက်ကွဲရာတချို့ဖြစ်ပေါ်နေစဉ်

ဓါတ်ပုံ – ပေးပို့

ဆက်စပ် သတင်းများ

Most read