Homeပြည်တွင်းသတင်းလှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ထံရ၊ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံး

လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ထံရ၊ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံး

၁၈ အောက်တိုဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာမှာရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်းအပါ လက်ပစ်ဗူံ၂လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီရုံးအတွင်းမှာရှိနေတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို Yangon Army အဖွဲ့က မနေ့က အောက်တိုဘာ ၁၇ရက် ညနေ ၆ နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူအချို့လည်းရှိနေတယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဗုံးကွဲတယ်လို့ဘဲ ပြောနိုင်ပါတယ်။ ဖြစ်တာက မှန်ပါတယ်။ ညက စစ်ဆေးတာတွေလည်းလုပ်သွားတယ်” လို့ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army (YA) နဲ့အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ်မှတ်တွေ၊တရားမ၀င်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေတဲ့သူတွေကို ဆက် တိုက် တိုက်ခိုက်သွားမယ်လို့ Yangon Army (YA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ရန်ကုန်တိုင်းအ တွင်းမှာ ဖောက်ခွဲတိုက်ခိုက်တာတွေ ခပ်စိတ်စိတ်ဖြစ်ပွားလာနေတာဘဲ ဖြစ်ပါတယ်။

ပုံစာ-ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးရုံးတွေကို

လုံခြုံရေးယူ တပ်စွဲလေ့ရှိတဲ့ စစ်ကော် မရှင်တပ်ဖွဲဝင်များ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး