၁၀ ဇန်နဝါရီ၊၂၀၂၅
လွိုင်ကော်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက ကျေးရွာတွေကိုလက်ကြီးနဲ့ပစ်ခက်ခဲ့တာကြောင့် ၁၂ နှစ်အောက် ကလေးနှစ်ဦးသေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KNHRG ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ (၉)ရက်နေ့၊ မနက်ပိုင်းက လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီရဲ့ (၅၃၀)တပ်မှ တိုက်ပွဲ ဖြစ်ပွားမှုမရှိပဲ လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လွိုင်ကော်အရှေ့ဖက်ခြမ်းရှိ ကျေးရွာ တရွာတွေ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ၁၂ နှစ်အောက် ကလေးအမျိုးသမီး (၂)ဦးထိခိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ၅လအရွယ် ကလေး တစ်ဦး နဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ပြင်ထန်း ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – KNHGR