Homeပြည်တွင်းသတင်းလွတ်လပ်ရေးနေ့ ပြန်လွှတ်ပေးတဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ဦးထဲမှာ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦး ပါဝင်

လွတ်လပ်ရေးနေ့ ပြန်လွှတ်ပေးတဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ဦးထဲမှာ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦး ပါဝင်

၅ ဇန်နဝါရီ၊ ၂၀၂၅

လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ဦးထဲမှာ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အစောပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေမှာ ဖမ်းဆီးရမိပြီး လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်တဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦးကို စစ်ကောင်စီက ထိုင်းအာဏာပိုင်တွေဆီကို ဇန်နဝါရီ ၄ ရက်မှာ ပြန်လွဲလိုက်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်နှိမ်နင်းရေး စီးနင်းမှုတွေအတွင်း ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦးမှာ အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး ၇၇ ဦးတို့ပါဝင်ပြီးရှမ်းပြည်နယ်ထဲက အကျဥ်းထောင်တွေမှာ ထောင်ဒဏ်ကျခံနေရပါတယ်။

သူတို့ဟာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်တာကြောင့် ကျိုင်းတုံရဲတပ်ဖွဲ့က ထိုင်းဆိုက်ဘာနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပါတယ်လို့သိရပါတယ်။ လွှဲပြောင်းမှုကို ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ချိတ်ဆက်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ မနေ့က ပြန်လွဲပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – Chiangrai Public Relation Office

ဆက်စပ် သတင်းများ

Most read