မနေ့က ဇန်နဝါရီ ၄ရက် မွန်းလွဲပ်ုင်း ၂ နာရီကျော်အချိန်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက တိုက်နယ်ဆေးရုံကို စစ်ကော် မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဆရာ ဝန်ကြီး ၁ဦးနဲ့ ဒေသခံ ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီသေဆုံးခဲ့ရတဲ့ ဆရာဝန်ဟာ စစ်အာ ဏာသိမ်းပြီးနောက်ပိုင်း ဒေသခံစစ်ရှောင်တွေနဲ့ ပြည်သူတွေကို အခမဲ့ ဆေးဝါးကုသပေးနေသူဖြစ်တယ်လို့သိရပါတယ်။
သူဟာ အသက် ၄၀အရွယ်ခန့်သာရှိသေးပြီး၊ လူချစ်လူခင် အရမ်းပေါများသူလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်တာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဆေးရုံကို ဗုံးသီး ၂ လုံးကြဲချခဲ့တာလို့ သိရပါတယ်။
“ဆေးရုံရဲ့ ဓာတ်ခွဲခန်းအနီးနဲ့ ထမင်းချက်အဆောင်ကို ကျပြီးပေါက်ကွဲတာ။ ဆေး ရုံက ဆရာဝန်ကြီးနဲ့ ထမင်းချက်အ ဆောင်က အကူ ၂ ဦး ထိပြီးသေသွားတာပါ။”လို့ ဒေသခံတစ်ဦးက New Day Myanmar ပြောပါတယ်။
စစ်ကော်မရှင်ဟာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းကနေ ဆေးရုံ၊ ဘုန်း ကြီးကျောင်းတွေနဲ့ရွာတွေကို အကြောင်း မဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်


