၁၇ ဇန်နဝါရီ ၊ ၂၀၂၅
ရန်ကုန်မှာ တရက်ကို လျှပ်စစ်မီး ၄ နာရီသာ ရရှိပေမယ့် မီတာခက ယခင်ထက်ပိုတတ်လာတယ်လို့ ရပ်ကွက်နေပြည်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။
အရင်က တရက်ကို လျှပ်စစ်မီး ၈ နာရီရရှိရာကနေ အခုနှစ်ဆန်းပိုင်းကစတင်ပြီး တရက်ပျမ်းမျှ (၂၂၀ဝ) မဂ္ဂါဝပ် ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်တာကြောင့် လျှပ်စစ်မီး ၄ နာရီသာရရှိတော့တာဖြစ်ပါတယ်။
စစ်မီးမရရှိပေမယ့် မီတာခမှာ လျော့ကျမသွားဘူးလို့ ဆိုပါတယ်။
“မီးသာမလာတာ မီတာခတွေက မလျော့သွားဘူး။ အရင် ၅၀၀၀၀ လောက်ကျတာက အခု ၈၀၀၀၀ လောက်ကျတယ်။ ဘာမှလည်းမသုံးရဘူး။ ဒါတောင်မီးက တရက် ၄ နာရီတောင် ပြည့်အောင်မလာချင်ဘူး” လို့ တောင်ဥက္ကလာပ မြို့နယ်မှာနေထိုင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက စတင််််ပြီး လျှပ်စစ်မီးခွဲဝေမှုဟာ ရန်ကုန််််ကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်းအချိုးချပေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာလည်း အုပ်စု (၃) စုခွဲပြီး တအုပ်စုကို ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ် အလှည့်ကျစနစ်၊ မန္တလေးတိုင်းမှာ အုပ်စု ၄ စုခွဲပြီး ၃ နာရီပေး၊ ၉ နာရီပိတ် အလှည့်ကျစနစ်၊နေပြည်တော်မှာတော့ ရပ်ကွက်တွေကို တရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ယာတွေကို ၁၈ နာရီပေး ၄ နာရီပိတ် အစီအစဉ်နဲ့ လျှပ်စစ်မီးပေးနေတယ်လို့ သိရပါတယ်။
Photo – CJ