Homeပြည်တွင်းသတင်းလျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ပြန်ရဖို့ လုပ်ဆောင်သွားမယ်လို့ DKBA ပြော

လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ပြန်ရဖို့ လုပ်ဆောင်သွားမယ်လို့ DKBA ပြော

၉ ဖေဖော်ဝါရီ၊ ၂၀၂၅

ထိုင်းအစိုးရက ဖြတ်တောက်ခဲ့တဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ပြန်ရဖို့လုပ်ဆောင်သွားမယ်လို့ DKBA က ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုသွားပါတယ်။

ထုတ်ပြန်ချက်မှာတော့ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်Call Center တွေကို တိုက်ဖျက်ဖို့ ထိုင်းနိုင်ငံအစိုးရဟာ ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်မြို့တွေကို လျှပ်စစ်မီးနဲ့ လောင်စာဆီတွေကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး ဖြတ်တောက်ခဲ့ကြောင်းနဲ့ ဘုရားသုံးဆူမြို့က ပြည်သူတွေအနေနဲ့ လူမှုစီးပွားထိခိုက်နစ်နာမှုတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူမြို့မှာ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်ဂိုဏ်းတွေမှ မရှိမှသာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီတင်ပို့မှုတွေ အရင်အတိုင်းပြန်လည် လုပ်ဆောင်ပေးမှာ ဖြစ်တဲ့အတွက် ရာဇဝတ်လုပ်ငန်းတွေမရှိစေဖို့နဲ့ ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့လောင်စာဆီတွေ အရင်အတိုင်း အမြန်ဆုံး ပြန်ရအောင် အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ကစပြီး ထိုင်းဝန်ကြီးချုပ်ပေတောင်တန်ရှင်နာဝပ်ထရာက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေရင် မီးဖြတ်တောက်ဖို့ အမိန့်ပေးလိုက်တာကြောင့် ဘုရားသုံးဆူ၊ မြဝတီ၊ တာချီလိတ်က နေရာ ၅ ခုကို မီးဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ပုံစာ- မီးဖြတ်ခံရပြီးနောက် ရွှေကုက္ကို ကိုထိုင်းဘက်ကမ်းက မြင်နေရပုံ

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read