Homeပြည်တွင်းသတင်းလျှပ်စစ်ဓာတ်အားသုံးစွဲမှု နှုန်းထားများအား စစ်ကောင်စီတိုးမြင့်ကောက်ခံ

လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှုန်းထားများအား စစ်ကောင်စီတိုးမြင့်ကောက်ခံ

၃၀ ဩဂုတ်၊၂၀၂၄

စစ်ကောင်စီက လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှုန်းထားများကို ပုံမှတ်ကောက်ခံနေတဲ့ နှုန်းထက် နှစ်ဆကျော်တိုးမြင့်ကောက်ခံတော့မှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ဩဂုတ်လ (၃၀) ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ပြင်ဆင်တိုးမြှင့် လိုက်တဲ့ နှုန်းထားအရ အိမ်သုံးအမျိုးအစား ၁ယူနစ် မှ ယူနစ် ၅၀ အထိ ၅၀ကျပ် ၊၅၁ ယူနစ်မှ ၁၀၀ယူနစ်အထိ ၁၀၀ကျပ်၊၁၀၁ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ကျပ်နဲ့ ၂၀၁ယူနစ်မှအထက် ၃၀၀ကျပ် ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို လျှပ်စစ်ဓာတ်အားခနူန်းထားတွေ ပြင်ဆင်သတ် မှတ်ဖို့အတွက် ၂၀၂၄ခုနှစ် ဇူလိုင်လ ၅ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးသဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနူန်းထားတွေကို တိုးမြှင့်ကောက်ခံတာဖြစ်တယ်လို့ သိရပါတယ်။

“လုပ်ကြပေါ့ဗျာ သူတို့ခေတ်ပဲဆိုတော့ လုပ်ချင်သာတာလုပ်ကြပါစေတော့ စျေးတွေက အကုန်တက်နေ ရတဲ့ကြားထဲ မီတာခပါ ထပ်တိုးလိုချင်တယ်ဆိုရင်တာ့ ကျွန်တော်တို့ပြည်သူတွေလည်း နောက်ဆုံးပေး စရာမရှိအိမ်တိုင်ပဲချွတ်ပေးကြတာပေါ့ မပေးနိုင်လို့ ဖမ်းတယ်ဆိုလည်းဖမ်းကြပေါ့ဗျာ” လို့ ရန်ကုန် စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ပြင်ဆင်တိုးမြှင့် လိုက်သည့်နှုန်းထားအရ အိမ်သုံးအမျိုးအစား ၁ယူနစ် မှ ယူနစ် ၅၀ အထိ ၅၀ ကျပ် ၊၅၁ယူနစ်မှ ၁၀၀ယူနစ်အထိ ၁၀၀ကျပ်၊၁၀၁ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ကျပ်နဲ့ ၂၀၁ယူနစ်မှအထက် ၃၀၀ကျပ် ကောက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်ကောက်ခံသည့် အိမ်သုံးယူနစ် ယခင်နှုန်းထားမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ် မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ်နဲ့ ကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး စက်မှုသုံး(စက်မှု၊ စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရနှင့် အခြားအဖွဲ့အစည်း) ၁ယူနစ်မှ ၅၀၀၀ ယူနစ် အထိ ၂၅၀ကျပ်၊၅၀၀၁ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ကျပ်၊၂၀၀၀၁ယူနစ်မှအထက် ၅၀၀ကျပ် နဲ့ တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပြီး ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဓာတ်အားခနူန်း ထားတွေကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁ရက်မှ စပြီး အကျိုးသက်ရောက်မှာဖြစ်တယ်လို့လည်း သိရပါ တယ်။

ဆက်စပ် သတင်းများ

Most read