ဖားအံခရိုင်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၄၊ အခြေချတပ်စွဲထားတဲ့ လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို KNU က သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။
ဖားအံခရိုင်၊တပ်မဟာ(၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်မနက် ၉ နာရီမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
ပုံစာ- လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းအားသိမ်းယူပြီးနောက် မြင်ကွင်းများ
ဓါတ်ပုံ – KNU