ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ် လေးကေကော်တိုက်ပွဲအ တွင်းမှာ စစ်ကော်မရှင်တပ်သား ၁၀၀ခန့် သေဆုံးခဲသလို အလင်းဝင်ရောက်လာသူတွေလည်းရှိနေတယ်လို့ KNU/KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
လေးကေ့ကော်တိုက်ပွဲမှာ သေဆုံးသူတွေဟာ ပြည်သူ့စ်မှုထမ်းတပ်သားတွေအ များအပြား သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယနေ့အချိန်အထိ KNU/KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘရာစစ်ကြောင်း၊ ဗွီနွန်စစ်ကြောင်း ၊ Justice Solider စစ်ကြောင်း မဟာမိတ်ပူးပေါင်းစစ်ကြောင်းတွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့နေ့စဥ်တို၊က်ပွဲများပြင်းထန်နေကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင် တပ်ဘက်မှကလည်း လေကြောင်း ၊ နည်းပညာမြင့် Droneတွေအပါ Missile(ဒုံးကျည်များ) ၊လက်နက်ကြီးပစ်ကူအမြောက်တွေနဲ့ လေးကေ့ကော်မြို့ တွင်းကို နေ့စဥ်အဆက်မပျက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။
ဒီလိုအခြေအနေတွေမှာ စစ်အာဏာရှင်ဖီဆန်ရေးအတွက် ဗျူဟာ ၃၂ဆီကို စစ်ကော်မရှင်တပ်သားတွေလက်နက်နှဲ့တ ကွ အလင်းဝင်သူတွေလည်းရှိနေပြီးထပ်မံ အလင်းဝင်လာမဲ့သူတွေကိုလည်းကြိုဆိုနေတယ်လို့ ဆိုထားပါတယ်
ဓာတ်ပုံ-ကျားသစ်နက် စစ်ကြောင်း


