Homeပြည်တွင်းသတင်းလောင်းလုံမှာ သန်းခေါင်စာရင်းကောက်ယူသူဆရာမတွေ ဖမ်းခံရကြောင်း စစ်ကောင်စီပြောဆို

လောင်းလုံမှာ သန်းခေါင်စာရင်းကောက်ယူသူဆရာမတွေ ဖမ်းခံရကြောင်း စစ်ကောင်စီပြောဆို

၇ အောက်တိုဘာ၊ ၂၀၂၄

တနင်္သာရီတိုင်း၊လောင်းလုံမြိုနယ်မှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး သန်းခေါင်စာရင်းကောက်ယူနေတဲ့ လုပ်အားပေး ဆရာမခုနစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို အောက်တို ဘာ ၆ ရက်က စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

လောင်းလုံမြိုနယ်၊ ရေဖြူရွာမှာ နေထိုင်သူတွေရဲ့ သန်းခေါင်စာရင်းကောက်ယူရေးကို စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ပေးနေတဲ့ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူထွေးအပါအဝင် ဆရာမတွေဖြစ်တဲ့ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာ ထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရှင်းရှင်း၊ဒေါ်မြအေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးက စာရေးမဒေါ်သီ တာတို ဖမ်းဆီးခံရတယ်လို စစ်ကောင်စီက ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ သန်းခေါင်စာရင်းကောက်ယူတဲ့ကိစ္စတွေမှာ ကူညီပေးနေတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ့်အကြောင်း လောင်းလုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက အောက်တိုဘာလ ၃ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီလုပ်အားပေး ၇ ဦးကို ဖမ်းဆီးတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တွေ ဖြစ်ကြောင်း အတည်ပြုလို မရသေးသလို ဒီကိစ္စနဲ့ပတ်သတ်ပြီး လောင်းလုံမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် တခြား တော် လှန်ရေးတပ်ဖွဲတွေက သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ချင်းပြည်နယ် တီးတိန်မြိုနယ်မှာ စစ်ကောင်စီကို သန်းခေါင်စာရင်းကောက်ယူဖို ကူညီပေးနေတဲ့ ဦးကန်လျံထန်ဆိုသူလည်း ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို စစ်ကောင်စီက ဖော်ပြပါတယ်။

ချင်းပြည်နယ် ဟားခါးမြိုနယ်မှာ CDF Hakha က စစ်ကောင်စီနဲ့ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်ယူ ပေးတဲ့သူကို အရေးယူမယ်လို ကြေညာထားပါတယ်။ အောက်တိုဘာ ၁ ရက်က ဟားခါးမြိုပေါ်မှာ သန်းခေါင် စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေ တိုက်ိခုက်ခံရတယ်လို ဟားခါးဒေသခံတွေက ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အင်အား ၄၂၀၀၀ ဝန်းကျင်အသုံးပြုပြီး သန်းခေါင်စာရင်းကောက်ယူမယ့်အကြောင်း စစ်ကောင်စီက ကြေညာထားပြီး တော်လှန်ရေးတပ်ဖွဲတွေ အုပ်စိုးထားတဲ့ နယ်မြေတွေကို သွားပြီးကောက်ခံတာတွေ မရှိသေးဘူးလို ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ- သန်းခေါင်စာရင်းကောက်ယူနေစဉ်

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read