Homeပြည်တွင်းသတင်းလေယာဉ်ပျံတက်ခါမီး လေယာဥ်ဘီးမီးလောင်မှုဖြစ်ပွားမှု MNA တောင်းပန်၊ ဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့ဆို

လေယာဉ်ပျံတက်ခါမီး လေယာဥ်ဘီးမီးလောင်မှုဖြစ်ပွားမှု MNA တောင်းပန်၊ ဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့ဆို

၇ မေ၊ ၂၀၂၅

မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ပိုင် Boeing XY-ALV လေယာဥ်ဟာ တံတားဦးလေယာဥ်ကွင်းမှာ လေယာဥ်ပျံ သန်းဖို့ ပြုလုပ်နေချိန် လေယာဥ်ဘီးမီးလောင်မှုဖြစ်ပွားခဲ့တဲ့အပေါ် မြန်မာအမျိုးသားလေကြောင်းက တောင်းပန်စာတစ်စောင်ကို မေလ ၇ ရက်က ထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းရဲ့တောင်းပန်စာမှာ မေလ ၆ ရက်ည​ ၁၈နာရီ ၃၅ မိနစ်က ခရီးသည် ၁၄၃ ဦးသယ်ဆောင်ပြီး မန္တလေးကနေ ရန်ကုန်ကို လေကြောင်းခရီးစဉ် UB -812 ကို Boeing XY-ALV နဲ့ ပျံသန်းဖို့ လုပ်ဆောင်နေတုန်း လေယာဉ်ပြေးလမ်းမှာ ပုံမှန်မဟုတ်တဲ့ အချက်ပြမှုတွေ့ရတာကြောင့် လေယာဉ်မှူးက ပြေးလမ်းပေါ်မှာ ရပ်တန့်မှုပြုလုပ်ခဲ့ရာက လေယာဉ် Brake စနစ်ပှုပြင်းမှုကြောင့် လေယာဉ်ရဲ့ ဘယ်ဖက်တာယာ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်လောင်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ပါရှိတဲ့ လေယာဉ်အမှုထမ်းတွေ လိုက်နာကျင့်သုံးရတဲ့ Safety Operating Procedure တွေ အတိုင်း ပြုလုပ်ခဲ့ပြီးခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေ အားလုံး ဘေးကင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး “မြန်မာအမျိုးသားလေကြောင်းမှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။ ယခု မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေ ကြောင်းအနေဖြင့် စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း အသိ ပေးအပ်ပါသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read