Homeပြည်တွင်းသတင်းလေကြောင်းတိုက်ခိုက်မှုတွေကြားက ပညာသင်နိုင်မယ့် မြေအောက် ဗုံး၊ခိုကျင်းတွေ တည်ဆောက်မှု ကူညီပေးဖို့ တောင်းဆို

လေကြောင်းတိုက်ခိုက်မှုတွေကြားက ပညာသင်နိုင်မယ့် မြေအောက် ဗုံး၊ခိုကျင်းတွေ တည်ဆောက်မှု ကူညီပေးဖို့ တောင်းဆို

၁၃ မေ၊ ၂၀၂၅

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲက ပညာသင်ကြားနေရတဲ့ ကလေးငယ်တွေ ပညာသင်ကြားဖို့ အတွက် မြေအောက် ဗုံး၊ခိုကျင်းတွေ တည်ဆောက်တာကို HOPE For Burma က ဖော်ပြပါတယ်။

ကလေးငယ်တွေ “စာသင်ကြားမှုမရပ်တန့်စေရေး နှင့်လုံခြုံစွာ စာသင်ကြားနိုင်ခွင့်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေအောက် ဗုံ၊းခိုကျင်းတွေ ဆောက်လုပ်ခဲ့တာ တစ်နှစ်တိတိရှိခဲ့ပြီလို့ဆိုပါတယ်။

လုံခြုံရေးအရ ထုတ်ဖော်မပြခဲ့ပေမယ့် တစ်နှစ်တာအတွင်းမှာ မြေအောက်စာသင်ခန်း စုစုပေါင်း ၅ ခုတိတိ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ဒီမြေအောက်စာသင်ခန်းလေးမှာ နေ့ဘက်ဆို မူကြိုမှစ အတန်းစုံ အလှည့်လိုက်စာသင်ကြတယ်၊ ညဘက်ဆို အိပ်ကြတယ်လို့ ဆိုပါတယ်။

“မှတ်မှတ်ရရ မနှစ်က ဒီထဲက မြေအောက်စာသင်ခန်းတစ်ခုကြောင့် ကလေးတွေအသက်ဘေးကလွတ်ခဲ့ရပါတယ်။ကျွန်တော်တို့တွေဟာ လေထဲကတင် ကိစ္စပြီးနေတာမဟုတ်ဘဲ လက်တွေ့မှာလည်း ခွန်အားအပြည့်နဲ့ ဖန်တီးပေးနေတယ်ဆိုတာသိစေချင်ပါတယ်။ ဝိုင်းဝန်းလည်းကူညီပေးစေချင်တယ်ဗျာ။”လို့ HOPE For Burma က သူတို့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

Most read