Homeပြည်တွင်းသတင်းလေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

၄ မတ်၊ ၂၀၂၅

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​တွေ ဆက်မလုပ်တော့ဖို့ နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို ဗြိတိန်အစိုးရက မတ်လ ၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပနေတဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဗြိတိန်ကိုယ်စားလှယ် Eleanor Sanders ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ လေးနှစ်ကျော်လာပြီး ပဋိပက္ခတွေပိုမိုများပြားလာနေတယ်လို့ သူကပြောပါတယ်။

စစ်တပ်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုဲကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသန်း ၂၀ လောက်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေပြီး အကူအညီတွေ ပေးတာကိုလည်း ခွင့်ပြုရမယ်လို့ Eleanor Sanders ကပြောပါတယ်။

ပုံစာ – မကွေးတိုင်းထဲက ရေနံမှော်တခုကို စစ်ကောင်စီက မတ်လ ၃ ရက်နေ့က ဗုံးကျဲတိုက်ခိုက်ထားပုံ
Photo – CJ

ဆက်စပ် သတင်းများ

Most read