Homeပြည်တွင်းသတင်းလူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင် ကို “Ludovic Trarieux” International Human Rights Prize ချီးမြှင့်

လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင် ကို “Ludovic Trarieux” International Human Rights Prize ချီးမြှင့်

၁၈-အောက်တိုဘာ၊ ၂၀၂၄

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ လူ့အခွင့်အရေး ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံ အခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့က နှစ်စဥ်ပေး အပ်နေတဲ့ Ludovic Trarieux International Human Rights Prize ) ကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ချီး မြှင့်လိုက်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ လွတ်လပ်တဲ့တရားစီရင်မှု ပေါ်ထွန်းရေးကြိုးပမ်းလုပ်ဆောင်မှုတွေနဲ့ နိုင်ငံရေး အကျဥ်းသားတွေရဲ့ တရားရေးဆိုင်ရာအခွင့်အရေးတွေ ရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင် မှု တွေ ကို ကို ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ချီးမြှင့်ခြင်းဖြစ်တယ်လို့ ထိုအဖွဲ့အစည်းကဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လိုက်လံကူညီ ဆောင်ရွက်ပေးမှုကြောင့် ဒေါ်ရွက်နုအောင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ မှာ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် (၁၅) နှစ် ချမှတ်ခွထားရသူဖြစ်သလို ယခုအချိန်အထိ မန္တလေးဗဟိုအကျဥ်းထောင် (အိုးဘို) မှာ တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံ ၊ရောမမြို့မှာ ကျင်းပနေတဲ့ IDHAE အဖွဲ့ရဲ့ ညီလာခံနောက်ဆုံးနေ့ ( ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့ ) မှာ အထူးအစီအစဉ်အနေနဲ့ ထည့်သွင်းချီးမြှင့် သွားမှာဖြစ် တယ်လို့လည်း NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေါ်ရွက်နုအောင်အနေနဲ့ ဆုပေးပွဲအခမ်းအနားကို ကိုယ်တိုင်တက်ရောက် ဆုလက်ခံရယူနိုင်ခြင်း မရှိတာကြောင့် သူမကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း က ကိုယ်စား လက်ခံရယူ ရယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန

ဆက်စပ် သတင်းများ

Most read