Homeနိုင်ငံတကာသတင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းပရာဘိုဝို အင်ဒိုနီးရှားသမ္မတဖြစ်လာ

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းပရာဘိုဝို အင်ဒိုနီးရှားသမ္မတဖြစ်လာ

၂၂ အောက်တိုဘာ၊ ၂၀၂၄

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲ ၅၈ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ဗိုလ် ချုပ်ကြီးဟောင်းပရာဘိုဝိုဆူဘီယံတိုဟာ အင်ဒိုနီးရှားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သူ့ရဲ့ အစိုးရအဖွဲ့ကို အဖွဲ့ဝင်(၁၀၀)ကျော်နဲ့ဖွဲ့စည်းခဲ့တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြထားပါတယ်။

ပရာဘိုဝို ဆူဘီယံတိုဟာ ရက်စက်ကြမ်းကြုပ်တဲ့ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်းဖြစ်သလို အခွင့်အရေးချိုးဖောက်မှု ၊ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်း ဖျောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။

အင်ဒိုရွေးကောက်ပွဲ သမ္မတဖြစ်ဖို့အတွက် နှစ်ကြိမ်တိုင် တိုင်ကြိုးစားခဲ့ဖူးပြီး အောင်မြင်မှုမရခဲ့ပေမယ့် ယခုအ ကြိမ်မှာတော့ ရွေးကောက်ပွဲ အနိုင်ရပြီး အင်ဒိုသမ္မတဂျိုကိုဝီရဲ့နေရာကို ဆက်ခံမယ့် သမ္မတသစ်ဖြစ်လာခဲ့တာလို့ သိရပါတယ်။

အင်ဒိုသမ္မတသစ်ဖြစ်လာတဲ့ ပရာဘိုဝိုဟာ အသက် ၇၃ နှစ်အရွယ်ကို ရောက်ရှိနေပြီး အင်ဒိုနီးရှာနိုင်ငံရဲ့ ၈ဦးမြောက်သမ္မတဖြစ်လာခဲ့တာပါ။ ပရာဘိုဝိုဟာကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် သူ့အရင်သမ္မတဂျိုကိုဝီထက် ပိုမိုကောင်းမွန်တဲ့ အင်ဒိုနီးရှားနိုင်ငံဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

အဖွဲ့ဝင်(၁၀၀)ကျော်နဲ့ဖွဲ့ထားတဲ့ သူ့ရဲ့ အင်ဒိုအစိုးရ အဖွဲ့သစ်မှာ အရင်သမ္မတဂျိုကိုဝီရဲ့သားဖြစ်သူကိုလည်း ဒုတိ ယသမ္မတအဖြစ် ရွေးချယ်ခဲ့သလို မဟာမိတ်ဖြစ်တဲ့ ပါ တီ ၇ ပါတီက နိုင်ငံရေးသမားတွေ၊အရင် အစိုးရအဖွဲ့က ဝန်ကြီးတွေကိုလည်း ထည့်သွင်းခဲ့ပြီး အင်ဒိုရဲ့အကြီးဆုံးညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းထားတာလို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read