Homeပြည်တွင်းသတင်းလူသားချင်းစာနာမှုအကူညီတွေဖြတ်တောက်မှုကြောင့် မြန်မာက ကလေးငယ်တွေ သေဆုံးမှုတိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး

လူသားချင်းစာနာမှုအကူညီတွေဖြတ်တောက်မှုကြောင့် မြန်မာက ကလေးငယ်တွေ သေဆုံးမှုတိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး

၂၆ မတ်၊၂၀၂၅

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူညီတွေ ဖြတ်တောက်ခံရမှုတွေကြောင့် နိုင်ငံအတွင်းမွေးကင်းစကလေး သေဆုံးမှုနှုန်း ပြန်ပြီးမြင့်တက်လာနိုင်တယ်လို့ ကုလသမဂ္ဂကသတိပေးပြောဆိုထားပါတယ်။

ရန်ပုံငွေဖြတ်တောက်မှုကြောင့် လက်ရှိ နိုင်ငံအတွင်း ကျန်းမာရေးလုပ်သား ရှားပါးမှု၊ ဆေးခန်းတွေ ပိတ်လိုက် ရတာ၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ ရပ်လိုက်ရတာ၊ ငှက်ဖျားကုသဖို့ မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေ ချို့တဲ့တာ စတဲ့ပြသနာတွေ ကြုံနေရပြီဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

ဒီအကျိုးဆက်ကို မွေးကင်းစကလေး သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အာဖရိက ဆာဟာရ သဲကန္တာရ ဒေသနဲ့ တောင်အာရှမှာ အဆိုးဝါးဆုံး ခံစားရနိုင်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

နိုင်ငံတကာတွင် ကလေးငယ်သေဆုံးမှုတွေ ၂၀၀၀ ခုနှစ်နောက်ပိုင်းကတည်းက ၅၂ ရာခိုင်နှုန်း အထိကျ ဆင်းခဲ့ ကြောင်းနဲ့ ၂၀၂၃ ခုနှစ်မှာ အသက် ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှု ၄.၈ သန်း ရှိခဲ့ပြီး အဲဒီထဲမှာ တစ်လအောက် မွေးကင်းစကလေး ၂. ၃ သန်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး နေ့စဉ်နေ့တိုင်း ကမ္ဘာတဝှမ်းက အမျိုးသမီး ၅၀၀၀ ဟာ ကြေကွဲဖွယ်ရာ ကလေးအသေ မွေးဖွား ခြင်းတွေ ကြုံနေရတယ်လို့ ဆိုထားပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း နိုင်ငံတကာအကူအညီတွေ ဖြတ်တောက် လိုက်မှုကြောင့် မွေးကင်းစ ကလေးငယ်သေဆုံးမှုတွေ မြင့်တက်လာနိုင်လို့ စီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – unicef myanmar

ဆက်စပ် သတင်းများ

Most read