Homeပြည်တွင်းသတင်းလူသတ်သမားတွေ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူပြော

လူသတ်သမားတွေ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူပြော

၂၈ ဒီဇင်ဘာ ၂၀၂၅

လူသတ်သမားတွေ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်(ကိုထိန်လင်း)က သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာကနေ တဆင့်ပြောကြားလိုက်ပါတယ်။

“မေမေဒေါ်အောင်ဆန်စုကြည်နဲ့ ရွေးကောက်ခံ ခေါင်းဆောင်အားလုံး လွတ်မြောက်ခြင်း မရှိပါက ဤမဲပေးမှုသည် လိမ်လည်မှုတစ်ခုသာဖြစ်ပြီး ငြိမ်းချမ်းရေးဆီသို့ ဦးမတည်ပါ။ ရက်စက်ကြမ်းကြုတ်သော အစိုးရတစ်ရပ်ကို တရားဝင်ဖြစ်အောင် မလုပ်ပါနဲ။ ကျွန်တော်တို့အားလုံး မြန်မာပြည်သူတို့ရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာအတွက် တစ်စုတစ်စည်းထဲ အတူတကွရပ်တည်ပါတယ်။”လို့ သူက ရေးသားထားပါတယ်။

စစ်ကော်မရှင်ကတော့ သူတို့ရဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ပထမပိုင်းပြုလုပ်နေပြီး စစ်တပ်ကြောထောက်နောက်ခံ ကြံ့ဖွံ့ပါတီက နေရာအတော်များများမှာ အသာစီးရနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး